ミ LANGUAGES ミ




Year 202 / 6 / 23 ( New Era )

"So, are you going to make direct contact?" asked Shigami.
The man in moon-white hair can't be any more precise with his answer.
"No if I don't want to, but yes if I need to."
To which Shigami replied, "Umm, fair enough. I guess," and dropped the call.
The atmosphere is stiff, and the train announcement seems to be bugged."Someone is not so fond of my entrance, hah?" said the man as he stepped into the hallway.
No one knows where the adventure will lead or where the journey will end.
But the footsteps marked the call of a new beginning.


Report by _Van





Year 202 / 7 / 1 ( New Era )

ည၁၁ နာရီကို ကျော်လို့ သန်းခေါင်းယံနား နီးကပ်လာခဲ့ပါပြီ ။ သို့သော် အမြဲတမ်းစည်ကားနေသည့် Distrcit A လိုနေရာမျိုးအတွက်တော့ အချိန်အခါဟာ အဓိကမကျပေ။ မွှေးပျံ့နေသည့် စားသောက်ဖွယ်ရာများ ၊ မြူးကြွသည့်တေးဂီတသံများနှင့် စုံလင်လှသည့် Neon မီးအလင်းရောင်များက District တစ်ခုလုံးကိုဖုံးအုပ်ထားလေသည်။
District ဟူ၍ခေါ်ကြသော်လည်း စင်စစ်မှာတော့ ဤနေရာသည် မြို့ကြီးတစ်ခုသာဖြစ်၏။
လမ်းပန်းဆက်သွယ်ရေးမှအစ နေ့စဥ်နေထိုင်မှုဘဝ၏ ထောင့်ပေါင်းစုံအထိ Automation စနစ်က နေရာယူထားသည်။ မြင်မြင်သမျှမိုးမျှော်တိုက်ကြီးများကဝန်းရံထားသောကြောင့် Aero-transit တော့နည်းပါးလှ၏။Shigami : လုပ်စရာရှိတာပဲလုပ်မယ်နော်ဗျ ၊ဘယ်မှသဝေမထိုးပါနဲ့Earphone ထဲမှ လူငယ်လေး၏ အသံက တောင်းတောင်းပန်ပန်နှင့်ဖြစ်သည်။ သူ့မှာလည်း ကျွန်တော့် Assistant ဖြစ်လာသည့်နေ့ကစပြီး တနေ့တမျိုးမရိုးရအောင် ပူပန်နေရရှာသည်။ ခက်ပြန်တော့ ကျွန်တော်ကလည်း စိတ်သွားတိုင်းကိုယ်ပါလွန်းလှ၏ ။ကျွန်တော် : ညစာမစားရသေးဘူးရော ၊ မုန့်လေးတော့ဝင်ဝယ်ပါရစေShigami : အရင်တခါမုန့်သွားဝယ်မယ်ဆိုပြီး Casino ထဲဝင်သွားတယ့်အကြောင်းလေးပြောပါဦးကျွန်တော် : ရောက်တုန်းရောက်ခိုက်လေးမို့ကို......Shigami : ကိုယ့်ကိုကိုယ် ဝရမ်းပြေးဆိုတာလည်းမမေ့နဲ့ဦးဗျို့ ၊ ခေါင်းတွေလည်းကိုက်ပါတယ်ပြောပြောနှင့် shigami တစ်ယောက် speaker ပိတ်သွားလေသည်။ကျွန်တော်လည်း ဟိုကြည့်ဒီကြည့်နှင့်သာ စျေးတန်းထဲဝင်ခဲ့လိုက်သည် ။ ရောက်ရှိနေသည့် တပတ်အတွင်းပင်အသစ်ဆန်းများက တစ်ခုပြီးတစ်ခုနှင့် မရိုးနိုင်ပါ။ ဖျော်ဖြေရေးကဏ္ဍပေါင်းစုံ၏ သတင်းများကလည်း ပိုစတာများနှင့် ကြောငြာဆိုင်းဘုတ်များပေါ်တွင်အပြည့်နေရာယူထားလေ၏။စားသောက်ဆိုင်များထဲမှရယ်မောနေကြသည့် လူငယ်များ၏အသံ နှင့် ကားဟွန်းသံများကား နေ့ဘက်တုန်းကနှင့်မခြားမနားပင်ဆူညံနေသည်။ ထိုလူကြားထဲ အငြင်းအခုန်ပြောရင်း တိုးကျိတ်နေကြသည်ကား လူငယ်နှစ်ယောက်ဖြစ်၏။ မြင်ရသလောက် ၁၂ နှစ် ၁၃ နှစ်ဝန်းကျင်သာရှိသေးမည်။ညနက်နေသော်လည်း စိုးရိမ်စရာတော့မရှိပါ ။ Central Surveillance မှ 24နာရီပတ်လုံးစောင့်ကြည့်နေသဖြင့် လုံခြုံရေးပိုင်းတွင် လိုအပ်သည်ထပ်ကိုပိုနေသည်ဟုပင် ဆိုရမည်ဖြစ်သည် ။Kid B: " REALISM လား ။ သွားနောက်လို့မရဘူး "Kid A : "သိလား သိလား...ငါ့အကို set upနဲ့ယူသုံးကြည့်တာ ။ မိုက်ချက်ပဲသားကြီးရေ ဝှီးး "Kid B : "စျေးကလည်းအော်ပျံနေတာကို မင်းကလည်း ။ ဒါတောင်၂ပတ်ထဲနဲ့ best seller ဝင်တာ။ "Kid A : " ငါ့အတွက်ပါဝယ်ပေးဖို့ အဖေ့ကိုပူဆာထားတယ် "Kid B : " weakတာ weakတာ ၊ ကိုယ်တွေဆို မှာပြီးလို့ ဒီညနေပဲ Delivery ရောက်ပြီ "Kid A : "ဟ အဲ့တာဆို အခုမင်းအိမ်သွားမယ်လေ ။ "Kid B : "ပြောတော့ဒီညက arcade night ဆို ။ ဟိုနှစ်ကောင်ကရောက်တောင်ရောက်လို့ ၊ စောင့်နေလောက်ပြီ "ပြွတ်ကျပ်နေသည့် လူများအကြား အာရုံတွေနောက်လာသော်ငြား သူတို့နှစ်ယောက်၏ စကားဝိုင်းကိုကျွန်တော်နားစွင့်ရင်း ထပ်ကျပ်မကွာကပ်လိုက်ပါနေမိသည်။ ရုံးခန်းတွင်ကျန်ခဲ့သည့် shigami တစ်ယောက်မှာတော့ file ပေါင်းသောင်းခြောက်ထောင်ကြားတတွတ်တွတ်နှင့် complain တက်နေပြန်သည် ။Shigami : Transportation chargesတွေကြည့်ပြီးသွေးတက်နေပြီဗျိုး ။ reportထဲမှာဘယ်လိုထည့်ရေးရမယ်တောင်မသိဘူး ။ကျွန်တော် : Debit Voucherမှာ "ကျေးဇူးကြောင့်ကုန်းကြောင်းလျှောက်နေရပါကြောင်း " ဆိုပြီးရေးလိုက် ၊ ငါ sign ထိုးပေးမယ် ။Shigami : နာမည်ကြီး ထမင်းငတ်ဆိုတာ ကျွန်တော်တို့ပေါ့ ၊ ဒါနဲ့ကျွန်တော်တို့ ဘယ်တုန်းကတည်းက stalkerတွေဖြစ်ကုန်တာလည်း ။ကျွန်တော် : အစကတည်းက stalkerတွေပဲကို lol ။Shigami : ပြောတော့မုန့်ဝယ်မယ်ဆို ၊ ကလေးတွေနောက်လိုက်လည်း ဘာသတင်းမှတိတိကျကျရမှာမဟုတ်ဘူးနော် ။ကျွန်တော် : ဘယ်သူက သတင်းလိုချင်တယ်ပြောလို့ ။Shigami : မိသွားရင် ကျနော်ပါဂွိမှာ အာစိ ၊ ဆော့မနေပဲအလုပ်ကိုသေချာလုပ်ပါဗျာ ။ကျွန်တော် : blah blah blah....အဖေဆိုတာလည်း စိတ်ကြီးပဲ ။Shigami : ----------တဖက်မှအသံက လုံးလုံးတိတ်ဆိတ်သွား၏။ သေချာပါပြီ။ ပြန်ရောက်လျှင် ကောင်းကောင်းကြီးဆူခံရတော့မည်။ သို့သော်ကျွန်တော်လည်း အကြောင်းရှိ၍သာ ချာတိတ်နှစ်ယောက်နောက် ခိုးလိုက်နေရခြင်းဖြစ်သည်။ သူတို့ပြောနေကြသည့် Realism Metaverse ဆိုသည့်ခေါင်းစဥ်ကို ကျွန်တော်စိတ်ဝင်စား၏ ။အရင် Social VR များထက်ထူးခြားသည့်အချက်မှာ setting အဖြစ် Millennial Era , Japan အားအခြေခံထားခြင်းပင်ဖြစ်သည်။ Design ပိုင်းသာမကဒေသ၏ နောက်ခံသမိုင်းများအထိ တိကျလှသည်။နှစ်ပေါင်းများစွာကြာမှ ပေါ်ထွက်လာသည့် ဤ dataများအတွက် High Groundမှ ဘိုးတော်များသာ တရားခံဖြစ်လိမ့်မည်။District အလိုက် server များခွဲခြားသတ်မှတ်ထားသလို ဆောင်ရွက်နိုင်သည့် Function များပါကွဲပြား၏ ။ အိမ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း စသည့် functionများမှအစ company အလုပ်များ part-time jobများပါလုပ်ကိုင်နိုင်သဖြင့် Online Society ကြီးတခုနှင့်တော့ပို၍တူသည် ။Kid A : မင်းကလည်း.... message ပို့လိုက် ။ ပြီးရင်သူတို့ကိုပါခေါ်လိုက်လေကွာ ။Kid B : ပြီးတာပဲ ။ ဟိုကောင်တွေပြောရင် မင်းပဲခံလိုက် ။Kid A : အမယ်လေး သူတို့ကဟိုတလောကတောင် Cry Boyအကြောင်းပြောနေကြသေးတာ ။Kid B : ဟို ၊ playerတွေဝိုင်းရိုက်လို့ ထငိုတယ်ဆိုတယ့် NPC လား ။Kid A : အေး ၊ အဲ့ကိစ္စက U-net ထဲဆိုပလူပျံနေတာ ၊ respond တွေက မသိရင် တကယ့် userတွေလိုပဲတဲ့ ။Kid B : တကယ်လည်း userတွေဖြစ်နေရင်ကော ၊ companyက လူငှားထားတာတို့ဘာတို့ ။တချိူ့မှာ ၁၂နှစ် ၊ ၁၃နှစ် အရွယ်လေးများကို ကလေးဟုမြင်ကြသော်လည်း ကျွန်တော့အတွက်တော့ဘယ်လိုကြည့်ကြည့် လူငယ်လေးများနှင့်ပိုတူလှသည်။ တွေးတတ်ခေါ်တတ်သွက်လက်လှသည်။သို့သော် နိုင်ငံရေးကိစ္စများဖက် လိုင်းပူးသွားမည်တော့စိုးရိမ်မိသည်။ကောင်လေး၏ ပေါက်ပေါက်ရှာရှာအတွေးကြောင့်ကျွန်တော်ပြုံးမိ၏။ ဒီကိစ္စလူကြီးတွေမဆိုထားနှင့် အခုလို ငယ်ငယ်ရွယ်ရွယ်လေးများကပင်တွေးမိကြလေသည်။ လုပ်ပိုင်ခွင့်တခုတည်းနှင့် အရာအားလုံးကို ဖုံးဖိတတ်တယ့် Central Surveillance ကိုတော့ လေးစားရမလိုလိုပင်။Kid A: မင်းအမေပြောတာမှတ်လား အဲ့တစ်ယောက်က ပေါက်ပေါက်ရှာရှာသိပ်ပြောတတ်တာကို မင်းကလည်း ။Kid B : အေး.... ငါ့အိမ်ကလူတွေကနည်းနည်း old fashionဆန်တယ်ကွ ။ထိုစကားကို ကြားကြားချင်း သူငယ်ချင်းဖြစ်သူက ဘေးဘီဝဲယာကို ကြည့်ရင်း နားနားတီးတိုးလေးကပ်ပြောသည် ။Kid A : ဆန်တာမဆန်တာသူ့အပိုင်း ၊ Central နဲ့ငြိရင် မင်းပါ ဘုံပျောက်မယ်နော်။Kid B : ငြိတော့မငြိပါဘူး။ အဖေက အစိုးရဝန်ထမ်းဆိုတော့ တခုခုဆို သူ့မျက်နှာနဲ့ ပဲအဆင်ပြေအောင်နေရတာပဲ။Kid A : အေး... အခု NPC ကိစ္စကို တချို့complain တက်ကြသေးတယ်ကြားတယ်ကွ။Kid B : မောင်းထုတ်ခံလိုက်ရတယ်မှတ်လား ။
Kid A : မင်းကလည်း.....Nerve gear လေကွာ။
Kid B : Wait wait.... ငါက Userတွေ ဆိုပြီး ဒီတိုင်းပြောလိုက်တာလေ... ဟိုကတကယ်ကြီးတဲ့လား ။Kid A : တိုးတိုးနေစမ်းပါဟ ... ငါလည်းငါထင်တာပြောတာ ။Kid B : တော်ကွာ ငါကျောမလုံတော့ဘူး ။Kid A : ငါလည်း တစ်ယောက်ယောက်လိုက်လာသလိုခံစားနေရတယ် ။Bio Chip အစွမ်းအံ့မခန်းဟုပြောရမလား သူ့တို့ဖာသာပဲ စိတ်ထင်နေကြသည်လားတော့မပြောတတ်။ အခုနောက်ပိုင်း Cyborge System များတိုးတက်လာသည်မှာတော့ အမှန်ပင်ဖြစ်သည် ။ ရာပေါင်းများစွာသောလူတွေထဲမှ ကျွန်တော့်အကြည့်ကို သူတို့ ရိပ်မိသည်ကိုပင် ချီးကျူးရမည်။ ဖြစ်နိုင်လျှင်ဒီကိစ္စအပေါ်သူတို့၂ယောက်၏ အမြင်ကိုပိုသိချင်မိ၏။Shigami : SEM Detected တဲ့ Roza ။ စိတ်မကောင်းပေမယ့် အခုချက်ချင်းခြေရာဖျောက်ပါ။ရုတ်တရက် အေးစက်သွားသည်လေထုနှင့်အတူ မသတီစရာခံစားချက်တစ်ခုက ကျော်ထဲသို့စိမ့်ဝင်သွား၏။ တည်ငြိမ်လှသည့် shigami၏ အသံကြောင့် အတွေးများမနေတော့ပဲ နေရာမှအမြန်ရှောင်ထွက်လိုက်ရသည် ။သည်းထန်စွာရွာကျလာသည့်မိုးသံလေသံများက မြို့ပြကိုဖုံးလွှမ်းသွားခြေပြီ။ကျွန်တော် : shigami ၊ ကြားရလား ။Shigami : ဟုတ် ၊ dataတွေကို REALISM ဖက်က James ဆီကိုပါကျွန်တော် forward လိုက်မယ် ။ကျွန်တော် : Sure ဒီကောင်တွေရှာတယ့်ပြသနာကိုရှင်းချင်ရင်တော့ ဒီကောင်တွေဆီကပဲ အကူညီပြန်ယူရမှာပဲ ။Shigami : ယုံရပါ့မလား ။ကျွန်တော် : လုပ်စရာရှိတာကိုလုပ်မယ် ၊ ယီးတီးယားတားလုပ်ရင် ရှင်းထုတ်ပစ်ရုံပဲ ။Shigami : ဟုတ်၊ ကျွန်တော် Yumiဆီလည်း appointment mailပို့လိုက်ပြီ ။"Ok"တခွန်းသာခက်သွက်သွက်ပြန်ပြောရင်း ဖုန်းချလိုက်သည်။ သည်ညအတွက်တော့ အမှောင်ရိပ်ထဲတွင်ပုန်းခိုရင်း အခွင့်အရေးကိုထပ်စောင့်ရတော့ပါမည်။ အကြောင်းမှာ မျက်ချေမပြတ်စောင့်ကြည့်နေသည့် CCTVများထပ် ကျွန်တော့်ကို ပူပန်စေသည့်အရာတခုက သီးသန့်ရှိနှင့်နေ၍သောကြောင့်ပင်ဖြစ်တော့သည်။


Report by _Van





Year 2016 / 2 / 14 _ planet aqua

ဆောင်းဦးမှဆောင်း နွေဦးမှ နွေသို့ ရာသီဥတုလေးကို ဖြတ်သန်းရင်း ဘာလိုလိုနှင့် ဤမြို့လေးတွင် ၄နှစ်ပင် ကြာခဲ့ပြီဖြစ်သည် ။ ကုန်ဆုံးတော့မည့်အပြာရောင်နေ့ရက်များမှာတော့ ဒိုင်ရာရီလေးထဲတွင်သာ ထာဝရစွန်းထင်ကျန်ရစ်ပေတော့မည်။"ဟူး"သက်ပြင်းတချက်ချကာ သောက်လက်စ အအေးဗူးလေးအား လက်စဖြတ်လိုက်သည်။ လေထုထဲမှ အိုက်စက်စက်ခံစားချက်အား ပါးပြင်ပေါ်မှချွေးစက်များက နှစ်သိမ့်ပေးကြရှာသည်။ သို့သော် နွေရာသီ အပူရှိန်ကြားထဲ လူမှာ နုံးနယ်နေ၏။
 á€€á€ťá€˝á€”á€şá€á€ąá€Źá€ˇá€˜á€ąá€¸á€™á€ž ဟိုင်းဝေးလမ်းမကြီးကားလူသွားလူလာကင်းရှင်းနေသလောက် လယ်ကွင်းများထဲမှ ပုစဥ်းရင်ကွဲသံများမှာ နားဆူလှ၏။ ချိန်းထားသည်ထက် နာရီဝက်ခန့်စောရောက်နေသော မိမိမှာတော့ bus ကားမှတ်တိုင်တွင်တစ်ယောက်ထဲ ယောင်တောင်ပေါင်တောင်ဖြစ်နေ၏။
"Ting"ရုတ်တရက် ပေါ်ထွက်လာသည့် Message notification အသံကြောင့်အတွေးများကို ခနရပ်တံ့လိုက်၏။ Yuya chan ဆီမှပြန်စာဖြစ်သည်။ မိုးလင်းကတည်းက ဒီနေ့အတွက် အစီအစဥ်ကိုလှမ်းမေးထားသော်လည်း အခုဆိုလျှင် နေ့လည် ၁နာရီပင်ရှိပြီဖြစ်သည်။
 á€•ဟန်စဏကဏး " ပြေပါတယ်။ တစ်မနက်လုံး ကစားကွင်းတွေပတ်သွားနေတာမောနေတာပဲဟာ၊ အခု kai နဲ့ အတူစျေးဝင်ဝယ်နေကြတာ။ ဘာမှာဦးမလဲ ။"    á€Ÿá€°áá€–á€źá€…á€şáá‹
 á€žá€˜á€ąá€Źá€•á€ąá€Ťá€€á€şá€œá€­á€Żá€€á€şá€•á€Ťá€•á€źá€Žá‹ အမှန်တကယ်မှာ အထက်တန်းပြီးဆုံးသည့်အထိမ်းမှတ်အနေဖြင့် ကျွန်တော်တို့သသူငယ်ချင်းအားလုံး Ryouta ၏အိမ်တွင် ညစာစားရန်ချိန်းထားကြခြင်းဖြစ်သည် ။ သို့သော် Yuya နှင့် kaiတို့ နှစ်ယောက်မှာ အချိန်ရတုန်း မနက်ပိုင်းကို ချိန်းတွေ့နေကြခြင်းပင်ဖြစ်ရမည်။
 
"ဟူး"
 
သက်ပြင်းသာ ထပ်ချလိုက်မိတော့သည်။ ကျောင်းပြီးပါက Yuya တို့ လက်တွဲသွားကြမည်ဆိုတာကို ကျွန်တော်သိနှင့်ခဲ့၏။ သို့သော်သူငယ်ချင်းအရင်းများဖြစ်သဖြင့် သူတို့နှစ်ယောက်ကြား ဝင်မစွက်ဖက်ပဲနေခဲ့ခြင်းဖြစ်သည် ။ စိတ်ထဲတွင်တော့ ဘဝင်မကျလှပါ။
 á€á€–á€€á€şá€œá€°á€™á€ž ဖော်ဖော်ရွေရွေမေးရှာသော်လည်း အခုချိန်စိတ်မငြိမ်သည့် ကျွန်တော့်အပြုအမူများကြောင့် စိတ်ပျက်စရာဖြစ်သွားမည်ကိုစိုးရိမ်၍ " ရပါတယ်ဗျာ " ဟုသာ သမန်ကာရှန်ကာသာပြန်ပို့လိုက်ပြီး ဖုန်း screenကိုပိတ်ထားလိုက်တော့သည်။
Yanagi : အားး ပူလိုက်တာ။Ryouta : ထီးယူခဲ့ပါလို့ ပြောသားပဲ ၊ခွေးကောင်ကြီး။Yanagi : သူများတကာကို ခိုင်းမနေပဲ ကိုယ့်ဟာကိုယ် ယူလာလိုက်တာပိုမြန်မယ်မထင်ဘူးလား။ဟော သူတို့ရောက်ချလာကြပြီဖြစ်သည်။ ကျွန်တော့သူငယ်ချင်း Yanagi နှင့် Ryoutaတို့ နှစ်ယောက်ဖြစ်၏ ။ကျွန်တော် : တစ်ရပ်ကွက်လုံး မင်းတို့အသံကြီးပဲ။Yanagi : မင်းကကော၊ ထီးပါရင်လာကြိုဖို့စိတ်ကူးမရှိဘူးလား။ရုပ်ချောချော ဒေါင်ကောင်းကောင်းဖြစ်သော်ငြား စကားအပြောအဆို မိန်းမလို မိန်းမရနိင်သူကား Yanagi Taiseiဖြစ်၏။ တစ်ဖက်မှ Tachibana Ryouta မှာမူလူကောင်သေးသေးနှင့် စကားပြောရွတ်နောက်နောက်ဖြစ်သော်လည်း သူမသိသည့်အရာမှာရှားလှသည်။
 á€žá€°á€Ąá€ąá€Źá€şá€á€ąá€Ťá€şá€žá€ąá€Źá€şá€œá€Šá€şá€¸ ကျွန်တော်ထီးလာမဆောင်းပေးသဖြင့် Yanagi တစ်ယောက်ပွစိပွစိပြောကာ ချာကနဲလှည့်ထွက်သွား၏။
Yanagi : တော်ပြီ။ မင်းတို့ ၂ကောင်ပဲသွားတော့။
Ryouta : ပြန်လှည့်လာစမ်း။ ဖင်မယားနဲ့"     á€Ÿá€Ż ရန်စ၏။
ကျွန်တော်လည်း မသိမသာလေးပြုံးကာ သူတို့နှစ်ယောက်ကြားထဲသို့ဝင်ရပ်လိုက်သည်။ Kai အပါအဝင် ကျွန်တော်တိူ့ ယောကျ်ားလေး ၄ယောက်ကား မတည့်အတူနေများဖြစ်ကြသည်။ လူငယ်သဘာဝ အတော်ပွဲစည်သော အုပ်စုပင်ဖြစ်သော်ငြား "ရန်ဖြစ်လိုက် ပြန်ချစ်လိုက်" ပင်ဖြစ်၏။
 á€žá€°á€á€­á€Żá€ˇá€”á€žá€…á€şá€šá€ąá€Źá€€á€şá အလည်ခေါင်တွင်နေရင်း ထီးလိုက်စောင်းပေးရသည်မှာ အလွန်ပင်ပန်းလှသည်။
 á€Ąá€„á€źá€­á€™á€şá€™á€”á€ąá€á€á€şá€€á€źá€žá€œá€­á€Ż လမ်းကိုပင်တည့်တည့်မလျှောက်နိုင်သည်သာမက နားလည်းပူလှ၏။ သို့သော် မကောင်းသောရှိ ကောင်းသော်ရှိ ဤသူငယ်ချင်းများကသာ ကျွန်တော့လူငယ်ဘဝ၏ အစိတ်အပိုင်းများဖြစ်သည်မဟုတ်ပါလား ။
Yanagi : မင်းထီးကြီးက ငါ့ခေါင်းကိုတိုက်တယ်။ဟော.. Yanagi ၏ အရစ်တော် ဇာတ်လမ်းကား ကျွန်တော့ဖက် ကူးလာပြီဖြစ်ပါသည်။ အထာနပ်နေပြီဖြစ်သောကျွန်တော်က ဘာမှဧည့်ထောက်ခံမနေပဲ "ရော့အဲ့တာဆို မင်းကိုင်" ဟု သူ့လက်ထဲကို ထီးထိုးပေးလိုက်တော့မှ "ဟီး သဘောပြောပြတာ"ဟုဆိုကာ Yanagi တစ်ယောက် ရူးချင်ယောင်ဆောင်သွားလေ၏။Yanagi : ဟျောင့် Kai ကိုဖုန်းဆက်စမ်း။Ryouta : တစ်မနက်လုံးခေါ်နေတာကို မကိုင်ဘူး။ အဲ့ဘဲ မွှန်နေတာ။Yanagi : အဖွဲ့ထဲ မိန်းမတွေလာပတ်သက်ကတည်းက အကျိုးမပေးတော့တာပဲ။Ryouta : မင်းဟာမင်း အဖြစ်မရှိလိုစော်မရတာကိုများ Kai ကိုသွားမုန်းနေတယ်၊ Kai ကိုဆက်မရရင် Yuya ဆီဆက်ကြည့်ပါလား သူတို့အတူတူလည်နေတာဆိုတော့။ပြောရင်းနှင့် Ryouta က ကျွန်တော့ ပုခုံးကိုဖက်လိုက်၏။ ကျွန်တော်မျက်နှာငယ်သွားသည်ကို ရိပ်မိသွားသည့် Yanagi က "ဟ feel ကုန်ပြီ" ဟုစပ်ဖြီးဖြီးနှင့် နောက်လိုက်သည်။
 á€žá€°á€ˇá€”á€Šá€şá€¸á€žá€°á€ˇá€Ÿá€”á€şá€–á€źá€„á€ˇá€şá€€á€ťá€˝á€”á€şá€á€ąá€Źá€ˇá€şá€€á€­á€Żá€Ąá€Źá€¸á€•á€ąá€¸á€›á€”á€şá€€á€źá€­á€Żá€¸á€…á€Źá€¸á€”á€ąá€žá€Šá€şá€€á€­á€Żá€€á€ťá€˝á€”á€şá€á€ąá€Źá€şá€žá€­á€žá€Šá€şá‹ သို့သော် ပေါင်းသင်းဆက်ဆံရေးဂွကျသည့် သူ့အပြုအမူများက ကူညီရာမရောက်ပေ။ ငြိမ်ကျသွားသည့် ကျွန်တော့်မျက်နှာနှင့်အတူ Yangai မှာလည်း အပျော်က အပျက်ဖြစ်သွားသည်ကိုရိပ်မိဟန်ပေါက်သဖြင့် ခပ်တည်တည်နေရင်းသာ တိုးတိုးလေးသီချင်းညည်းနေ၏။
Ryouta : လျှာကိုရှည်တယ် မင်းလုပ်တာပိုဆိုးကုန်ပြီ။Yanagi : ဒီတိုင်းစလိုက်တာကို။ဝမ်းနည်းမနေနဲ့ အချိန်တန်ရင်ပြတ်မှာ။ကျွန်တော်: အေးပါကွာ။
 
ရင်ထဲမတင်မကျနှင့် ၊ ဒေါသစိတ်လား၊ ဝမ်းနည်းစိတ်လားပင် လုံးကွဲအောင် မပြောပြတတ်ပေ။ သို့ပင်သော်ငြား ကိုယ်မြတ်နိုးသည့်အရာတစ်ခုကိုအခြားသူလက်ထဲထည့်ပေးရသည့် ခံစားချက်မှာ တစိမ့်စိမ့်နှင့်နာကျဥ်ရခက်သည် ။ ဤကဲ့သို့ အရှုံးပေးနေမည့်အစား နွေရာသီ၏ အပူကိုသာ ကျောပြင်နှင့် ထိုးခံလိုက်ချင်တော့၏ ။တိတ်ဆိတ်သွားသည့် လေထုထဲတွင် Yanagi ၏သီချင်းညည်းသံနှင့် ပုစဥ်းရင်ကွဲသံများသာ နေရာယူထားလေ၏။ တဖြည်းဖြည်း နေစောင်းစပြုလာပြီဖြစ်သဖြင့် ကောင်းကင်ပြာကြီးကား များမကြာခင် အဝါရောင်သမ်း စပြုလာတော့မည်ဖြစ်သည် ။ နွေလေရူးက သယ်ဆောင်လာသည့် ခြောက်သွေ့သည့် သဘာဝ၏ရနံ့က လူ့စိတ်ကို ပရမ်းပတာဖြစ်စေမယောင်ပင်။ထိုစဥ် ကျွန်တော့ဖုန်းသံက ၃ယောက်သားကြားထဲမှ တိတ်ဆိတ်မှုကိုဖျက်စီးလိုက်၏။
 
Yuya ဆီမှဖြစ်သည် ။ Yanagi : ထူးထူးဆန်းဆန်း ဖုန်းတွေဆက်နေပြီ ဟေး။ ဘဲဘဲကို စိတ်ကုန်လို့ လိုက်ပွဲလာဆွဲတာလားမသိဘူး။ကျွန်တော်မျက်မှောင်ကျုံ့ကာ မျက်ထောင့်နှင့်မော်ကြည့်ပေးလိုက်သည်။ကျွန်တော် : ဟယ်လို။ကျွန်တော်စကားပင်မဆုံးသေး ချင်းချင်း ပေါ်ထွက်လာသည့် Yuya တစ်ယောက်၏ရှိုက်သံက speaker ပင်ဖွင့်စရာလိုလောက်အောင် ပြင်းထန်လှသည်။ Yanagiကော Ryouta ပါ သွေးပျက်သွား၏။Yuya : ကယ်ကြပါအုံး ၊ Kai ကို။Yuya : Kai ကို ..စကားမှာပြတ်တောင်းပြတ်တောင်းနှင့်မနည်းပင် အသက်လုရှုနေရဟန်ပေါ်သည်။ ဖုန်ထဲသို့သဲ့သဲ့လို့ဝင်နေသည့် ဘေးဖက်မှ လူနာတင်ယဥ်အသံဖြစ်သည်။Yanagi : ဟဲ့ ဘာဖြစ်တာလည်း ၊ နင်တို့အခုဘယ်မှာလည်း။Ryouta : မင်းက အသာနေ ၊ Yuya နင်စိတ်အေးအေးထား။ အသက်ကိုမှန်မှန်ရှု။ နင်တို့အဆင်ပြေလားအရင်ပြော။Yuya : မ....ပြေဘူး.... Kai..။ကျွန်တော်လည်းစိတ်ပူလာသဖြင့် "Kaiဘာဖြစ်တာလည်း" ဟု အသည်းအသန်မေးလိုက်၏။Yuyaတစ်ယောက်မှာတော့ မောဟိုက်နေသောအသံဖြင့် "သေပြီနဲ့တူတယ်ဟ" ဟုဖြေကာ ငိုချတော့သည်။ Kai သေပြီနဲ့တူတယ် ၊ Kai သေပြီနဲ့တူတယ် တစ်ခွန်းကိုသာ ထပ်ခါထပ်ခါပြောနေဖြင့် Yuya လက်ထဲမှ ဖုန်းအား ဘေးမှ ရဲတစ်ဦးက ယူ၍ဖြေပေးရတော့သည်။ရဲ : ကောင်မလေးက ပေါင်မှာပဲ ဓားထိထားတယ်။ သွေးရူးသွေးတန်းနဲ့ လမ်းပေါ်ပြေးတက်လာလို့ ဘေးက လူတွေကချုပ်ပြီး ဖမ်းထားရတယ်။ အခုတော့ Royal Xandama ဆေးရုံကိုခေါ်သွားနေပြီ။Yanagi : တော်သေးတာပေါ့ကွာ၊ Kai ကကောဗျ။ Kai ကော။Ryouta: လမ်းပေါ်မှာ Yuya တစ်ယောက်ပဲ အော်ဟစ်ပြေးနေတယ်ဆိုတယ့်ပုံကို ကြည့်ရတာ Kai ကိုရှာမတွေ့ဘူးဆိုတယ့်သဘောပေါ့။ရဲ : ဟုတ်တယ်ညီ။ အခုပြောတဲ့ Kai ဆိုတဲ့ တစ်ယောက်သာတခုခုဖြစ်ရင် Yuya မှာလူသေမှုနဲ့ သင်္ကာမကင်းဖြစ်ခံရပြီဆိုသည့် သဘော။ကျွန်တော့ခေါင်းထဲ ထူပူသွားလေပြီ။ သူငယ်ချင်းများ ပျော်ပျော်ရွင်ရွင် နှုတ်ဆက်ကြမည့်နေ့တွင် ကျွန်တော်တို့အားလုံး Kai နှင့် သေကွဲကွဲရတော့မည်လားဟူသောအတွေးက ဗလောင်ဆူသွားတော့သည်။ကျွန်တော် : Yanagi မင်းဖုန်းငါ့ကိုပေး၊ သူတို့ စျေးဝင်ဝယ်နေတယ့် superကိုငါသိတယ်။ ငါ kai ကိုသွားရှာမယ်။ မင်းတို့နှစ်ကောင်ဆေးရုံကိုလိုက်။Yanagi နှင့်ဖုန်းလဲလိုက်ပြီး ကျွန်တော်တဟုန်ထိုးပြေးထွက်တော့သည်။ ရဲနှင့် အဆက်အသွယ်ရစေရန် ကျွန်တော့ဖုန်းအားထားခဲ့ခြင်းဖြစ်၏။ရဲ : ဟိုကလေးကို ဝိုင်းဆွဲကြစမ်း။တရားခံဘယ်သူလည်းမသိသေးခင်မှာအခင်းဖြစ်တယ့်နေရာကိုသွားတာ အန္တရာယ်များတယ်။     ဟု တဖက်မှ ရဲသားကသတိပေး၏။သို့သော် ကျွန်တော်ကား သူတို့မျက်စိရှေ့မောက်မှလုံးဝပျောက်သွားနှင့်ပြီဖြစ်သည်။"ငါလိုက်သွားမယ် အဲ့ကောင်နောက်၊ Yuya ကိုမင်းကြည့်ပေးထား Yanagi " ပြောပြောနှင့် Ryouta ခမျာလည်းပြေးထွက်သွားသည့်ကျွန်တော့ကိုလိုက်ရှာရတော့သည်။အချိန်အတန်ကြာသွားကာ နီသည်ထပ်နီလာသည့်မိုးကောင်ကင်ကြီးနှင့်အတူ ညနေစောင်းနေက ညအမှောင်ကိုဖိတ်ခေါ်စပြုလာပြီဖြစ်သည်။ Yuya ပြောသည့်နေရာတွင် ရဲများပိုက်စေ့တိုက်စစ်ဆေးနေကြသော်လည်း သူတို့ဖက်တွင်လည်း ဘာသတင်းမှမထူးလှ။ ပင်ပန်းလွန်းသဖြင့် Yuya တစ်ယောက်အိပ်ပင်ပျော်သွားသည်မှာ နာရီဝက်ခန့်ရှိပြီဖြစ်သည်။Kai အိမ်ကိုဖုန်းဆက်ကြည့်သော်လည်း အခုချိန်ထိစာမလာသတင်းမကြားနှင့်မို့ မိသားစုဝင်များပါ ပြာရာခပ်နေကြ၏။ တစ်ချိန်လုံးလိုက်ရှာနေသော်လည်း သတင်းအစအနပင်ရှာမတွေ့သေးပေ။ ကျွန်တော့်အနေနှင့် တစ်နေရာသာကျန်တော့သည်။ ထိုနေ့က Ryouta တို့အိမ်က အပြန် ၊ ကျွန်တော်တို့ နှစ်ယောက်သား ဝင်နားခဲ့ကြသည့် နတ်ကွန်းပင်ဖြစ်သည်။
 
ကျွန်တော်ဆုတောင်းနေမိသည်။" Kai မင်းဘာမှမဖြစ်ပါစေနဲ့ကွာ၊ ကြံရာပါကလည်း မင်းမဟုတ်ပါစေနဲ့ "
 
Yuya ကို V dayလက်ဆောင်ဘာပေးရမည်မသိဟုဆိုကာ ကျွန်တော့ဆီအကြံလာတောင်းခဲ့သည့် Kai ကိုသတိရနေမိသည်။ သူ့အပေါ် ရန်လည်းမလိုခဲ့သလို စိတ်နာခဲ့ခြင်းမျိုးလည်းမရှိပေ။ သူငယ်ချင်းများပီပီတစ်ယောက်နောက်ကျောတွင် တစ်ယောက်ရှိနေခဲ့၏။ အဆူခံရလည်းလေးယောက်သားအတူတူဖြစ်သလို ပဲလှော်သေးသေးလေးတစ်ထုပ်ကအစ တစ်ယောက်ဘယ်နှစေ့ဟု သတ်မှတ်ကာ ဝေငှစားခဲ့ကြဖူး၏။တချိန်လုံး လှုပ်ရှားခဲ့သည့်အရှိန်နှင့် ကျွန်တော့် လည်ချောင်းများလည်းခြောက်သွေ့နေကာ မြိုချစရာတံတွေးပင် ထွက်၍မလာတော့ပေ။ အားပျက်စပြုလာလည့်ခြေထောက်များက မြင့်မားလှသည့် နတ်ကွန်း လှေကားကို တွန်းတိုက်ကာ ရုန်းကန်တက်နေရတော့သည်။ အပေါ်ရောက်လာသည်နှင့် တဖြည်းဖြည်းမြင်လာရသည်ကား လှေကားထိပ်မှ Kai ပင်ဖြစ်သည်။
 
"Kai.."  á€™á€ąá€Źá€Ÿá€­á€Żá€€á€şá€œá€˝á€”်းန္သဖဟငအ်၊ အသံထွက်မလာတော့ပါ။ကျွန်တော့ပါးပြင်ပေါ်တွင် စီးကျနေသည်ကား ချွေးများလား သွေးများလားပင်မသဲကွဲလောက်အောင် စေးကပ်နေပြီး ပူလောင်လှ၏။ ကျွန်တော်ဝမ်းသာအားရပြေးတက်လိုက်သော်လည် စိတ်ထဲက ဆန္ဒကိုခန္တာကိုယ်က မလိုက်လျော်နိုင်ပေ။ ဒူးချောင်ကာ လဲကျသွားရင်း လှေကားစောင်းနှင့်မေးစေ့ ခိုက်မိသွား၏။
 á€•ဲအထွက်သွဏးသညအ်နသုတ်ခမ်းမသ သွေးများ စီးကျလာသော်လည်း မိမိဒဏ်ရာထက် Kai တကိုယ်လုံးတွင်ပေကြံနေသည့်သွေးများကို ပို၍စိတ်ပူနေမိသည်။ "Kai မင်းသေလို့မဖြစ်ဘူး မင်းသေသွားရင် Yuya လေး ရူးသွားလိမ့်မယ်" ဟုအဖန်ဖန်စိတ်ထဲတွင်တွေးကာ အားပေးရင်း လေးဖက်ထောက်ပြေးတက်တော့သည်။
နတ်ကွန်း အနားကိုနီးကပ်လာသည်တွင်ကား ပြတ်သားလာသည့် Kai အမူအရာများကြောင့် ကျွန်တော်အားအင်များဆုတ်ယုတ်လာရတော့သည်။ ပေကြံနေသည့်သွေးများကိုဆန့်ကျင်ကာ တည်ငြိမ်နေသည့် Kai ၏မျက်ဝန်းများကား အသူတရာနက်လှသည့်ချောက်ကမ်းပါးကြီးအလား နက်ရှိုင်းနေ၏။ ကျွန်တော့ကို သူပြုံးပြလိုက်သည့် တချက်တွင်အသိစိတ်များက ကျွန်တော့ခန္တာကိုယ်မှလွင့်စင်သွားတော့သည်။"ခွေးမသား Kai "ဟုသောစကားတစ်ခွန်းကသာ ကျွန်တော့ စိတ်ထဲ ဘလောင်ဆူလာတော့သည်။ တဆက်ဆက် ခါနေသော မေးရိုးများက မိမိရှေ့မှ လူကိုပြေးထိုးချင်နေသည့် ဒေါသများကြောင့်ဖြစ်၏။
 á€Ąá€™á€žá€ąá€Źá€„်ယလထဲသိုအ တိုးဝင်စပြုနေသည့်နေရောင်ကြားထဲတွင် အမူအရာကင်းမဲ့နေသည့် Kai ၏မျက်နှာထားပေးမှာ ခတ်ထန်လှသည်။
 
"ခွေးမသား Kai"
 
ရင်ခုန်သံများက နားထင်အထိကျယ်လောင်လာ၏။
 
"ခွေးမသား Kai"
 
တစ်ခွန်းချင်းရေရွတ်လိုက်တိုင်း အလိပ်လိုက်တက်လာသော ဒေါသများကားလက်ချောင်းထိပ်မှ သွေးကြောများထဲအထိ တိုးဝင်လာ၏။
 
"မင်းကွာ !!!!!"
 
ခြောက်သွေ့နေသည့် လည်ချောင်းကိုအားကုန်ခြစ်ကာ အော်ချလိုက်တော့သည် နှင့် တပြိုင်နက် ကွဲထွက်သွားသည့်အသံ နှင့်အတူ မျက်ရည်များကစီးကျလာတော့သည်။
 á€‘ိုစြ် လေထုမှာ သိမ့်ခနဲဖြစ်သွားရင်းလှေကားရင်းဖက်မှပင့်တက်လာသည့်လေများက ဖုန်မှုန့်များကိုသယ်ဆောင်ကာ နတ်ကွန်းဝင်းထဲသို့ အားကုန်တိုက်ခတ်လာတော့သည်။
Kaiကား ဘာတစ်ခွန်းမှမပြောပဲကျွန်တော့ရှိရာသို့ငေးရင်း "မင်းနားလည်မှာပါ" တစ်ခွန်းသာပြောသွား၏။ လေးပင်လာသောလေထုနှင့်အတူ နတ်ကွန်းထက်မှညနေခင်းကောင်းကြီးဟာ ကွဲအက်လာပြီး ပြာလဲ့နေသည့် ကြယ်တာရာတစ်ခုက ယိုဖိတ်ကျလာတော့သည်။ကျွန်တော့မှာတော့ မိမိကိုကျောခိုင်းကာ ထိုကွဲအက်ကြောင်းထဲသို့ တိုးဝင်သွားသည့် kaiထံမှ မျက်စိမလွှဲနိုင်ဖြစ်နေ၏။ခွန်အားမဲ့လာသည့် ခန္တာကိုယ်က ထပ်မံ၍ တစ်လက်မပင်မလှုပ်ရှားနိုင်တော့ပေ။"Kai...kai...kai...yuya...."ဘာတွေဖြစ်လို့ ဘယ်လိုတွေဆက်ဖြစ်မယ်မှန်းမသိနိင်တော့ကာ စိတ်နှင့်ကိုယ်နှင့် မကပ်သော အခြေအနေသို့ကျွန်တော်ရောက်ရှိသွားတော့သည်။နောက်ဆုံးတွင်ထိန်းချုပ်၍ မရသောကျွန်တော့အသိစိတ်များသည်လည်း ညနေခင်းနေမင်းကြီးနှင့်အတူ အမှောင်ထုထဲသို့လွင့်ပျယ်သွားတော့သည်။


_End





Year 198 / 06 / 17 _ planet.fleet: Noah

မျက်တောင်များကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်နှင့် ငြီးငွေ့စရာကောင်းလှသည့် မျက်နှာကျပ်တစ်ခုက အမြင်အာရုံထဲသို့ ဝင်ရောက်လာလေသည်။ ဖွင့်ထားသည့် ပန်ကာကိုမှ အားမနာ လူမှာချွေးစေးများနှင့်ရွှဲနစ်၍နေလေ၏။ ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် နှလုံးခုန်သံများအကြား မောဟိုက်လှသည်။"ဟိုဘဲက ဘယ်တော့မှပြန်လာမှာလည်း ၊ သူပေးတယ့်စောက်ပိုက်ဆံ တစ်ပဲခြောက်ပြားနဲ့က district A မှာ ဆန်ပြုတ်တောင်ဝယ်စားမရဘူး"အရင်ကဆို အိမ်မက်ထဲတွင်သာကြားခဲ့ရသည့် သူ့အသံမှာ ယခုဆိုလျှင်အချိန်တိုင်းလိုလို လူကိုခြောက်လန့်၍နေလေတော့သည်။ သူ့စကားကြောင့်ကျွန်တော်လည်းစိတ်တိုသွားကာ "အဖေ့ကို အဲ့ဒီလိုမပြောနဲ့၊ ငါအခုထိအသက်ဆက်နေနိုင်တာအဖေ့ကျေးဇူးကြောင့်" ဟု ပြန်အော်လိုက်သည်။မထင်မှတ်ထားသည့် ထိတ်လန့်စရာရီသံတခုက အခန်းကျဥ်းလေး၏ ထောင့်ပတ်ပတ်လည်တွင်ပြန့်နှံသွား၏။ အိပ်ရာထဲလှဲနေသည့် မိမိ၏ နားအနောက်ဖက်သို့ အေးစက်သည့်ခံစားချက်တခုက တို့ဝှေ့လာသည်နှင့်အတူ "အဲ့ဒီကျေးဇူးရှင်ကြီးကြောင့်မင်းအမေ ဘဝပျက်သွားတာလည်းမမေ့နဲ့" ဟူသောစကားသံကိုကြားလိုက်ရသည်။ရုတ်တရက်လန့်ဖြန့်သွားကာ ငေါက်ခနဲကောက်ထိုင်လိုက်မိ၏။ အသံပိုင်ရှင်က "ဟားဟား အဲ့လောက်လည်းမလန့်ပါနဲ့၊ ပြောပြီးသားပဲကို၊ ငါကမင်း ၊ မင်းကငါ " ဟု ရစ်သဲ့သဲ့နှင့် ရီမောပြောဆိုသည်။ သို့သော် ကျွန်တော်အနေဖြင့် မအီမသာ ဖြစ်လာသောကြောင့် လက်ကိုင်ဖုန်းကိုဆွဲပြီး တိုက်အောက်သို့ဆင်းပြေးလာခဲ့တော့သည်။အချိန်မှာ ည ၂နာရီဖြစ်သည်။ သို့သော် District A ၏ထုံးစံအတိုင်း လူပြတ်သည်ဟူ၍မရှိ။ မြို့ပြ၏ အလင်းရောင်များဟာ မည်မျှပင်တောက်ပနေစေကာမူ သေးသိမ်လှသည့် လူ့တို့၏အတွင်းစိတ်ထဲထိတော့ အလှဆင်နိုင်စွမ်းမရှိပေ။ မနေ့ကလည်း တစ်ယောက်တည်းဖြစ်သလို ဒီကနေ့လည်း ကျွန်တော်တစ်ယောက်တည်းဖြစ်သည်။သို့သော် ကျွန်တော့်အတွေးများကိုကြားနေရသည့် အလား တဖက်လူက "မင်းကိုဘယ်သူက တစ်ယောက်ထဲလို့ပြောလို့လည်း" ဟုမေးလာသည်။ ကျွန်တော်လည်း ခေါင်းသာအတင်းခါလိုက်ရင်း မကြားချင်ယောင်ဆောင်လိုက်သည်။ စိတ်ထင်လို့သွေးလေခြောက်ခြားနေသည်သာဖြစ်ရမည်။"ဟျောင့် ဟိုဘဲကိုကြည့်စမ်း လမ်းလျောက်တာကော့တော့ကော့တော့နဲ့ ၊ အရှေ့ကနေသွားပြီး ခြေထိုးခံလိုက်ရအောင်လား"အထီးအမပင် မချန် မြင်မြင်ရာကို လိုက်လံအမုန်းပွားနေတော့သည်။ မည်မျှပင်အာရုံလွှဲနေသော်ငြား ထိရောက်ပုံမပေါ် ။ တစ်ခုသတိထားမိသည်ကား ရီရီမောမောနှင့် မျက်နှာပိုးမသေနိုင်သည့် သူ့စကားအသွားလာထဲတွင် ရောထွေးနေသည့် အမုန်းတရားများပင်ဖြစ်သည်။နားမလည်နိုင်သည့် ကျွန်တော်က "သူက မင်းကိုဘာလုပ်နေလို့လည်း" ဟုမေးလိုက်သည်တွင် တဖက်က ရီမောကာ "မျက်စိနောက်လို့ပေါ့ကွာ အဟားဟား"ပြန်ဖြေလာသည်။ ဆူညံနေသည့်ပတ်ဝါးကျင်ကား ကျွန်တော့အတွေးထဲမှ သူ့ရီသံကိုလွမ်းမိုးနိုင်စွမ်းမရှိပေ။"အရှေ့ကအတွဲကိုကြည့်စမ်း၊ ဘဲလေးကချောချောလေး ဟေ့ကောင်ရေး ဘာတွေများကြည့်ပြီး ဝက်ပုတ်မကြီးနဲ့တွဲနေလည်းမသိဘူး၊ စောက်ရူး"မနားစတမ်းဆဲရေးတိုင်းထွာနေသည့် တစ်ဖက်လူကိုသက်ပြင်းသာ ချလိုက်မိသည်။ လူသူပို၍ထူထပ်လာသည်နှင့်အမျှ သူ့စကားသံဟာလည်းပိုပို၍ ကျယ်လောင်လာ လေလေပင်ဖြစ်တော့သည်။"စောက်အတွဲတွေမြန်မြန်လျှောက်။ လမ်းပိတ်တယ်။ လှမ်းဆဲလိုက်စမ်း။ No No ။ဘေးကကောင်မကို ဖြတ်ရိုက်ပစ်လိုက်။ ရိုက်လည်းရိုက် ဆဲလည်းဆဲပစ်"ကျွန်တော် "နေပါကွာ" ဟူ၍သာတီးတိုးပြန်ဖြေလိုက်သည် ။"အနားကပ်လာပြီဟေ့ကောင်၊ မင်းကို ဘုကြည့်ကြည့်နေတာဟ။ တံတွေးနဲ့လှမ်းထွေးပစ်စမ်း။ လာရိုက်ရင် ငါချုပ်ပေးမယ် ၊စောက်ခွက်ကြီးကိုပဲပြန်ရိုက်ပစ်။"တော်တော့လို့! " ဟုစိတ်ထဲတွင် ဟန့်လိုက်သည်။ မသိလျှင် ကိုယ့်အတွင်းစိတ်နှင့်ကိုယ် အတိုက်အခံ ရန်ဖြစ်နေရသည့်အလားပင်။ တဖြည်းဖြည်းပြင်းထန်လာသည့် သူ့စကားအသုံးအနှံးများကလကျွန်တော့ခန္တာကိုယ်ပေါ် လွှမ်းမိုးစပြုလာသည်ကိုတော့ သတိထားမိသည်။ စိတ်ကိုနိုင််အောင်ထိန်းချုပ်နေရင်း ခေါင်းတွေလည်းမူးနောက်နေ၏။"မင်းအဲ့ဒီလိုပျော့ညံ့နေလို့ အမေက မင်းကို လွင့်ပစ်ခဲ့တာ၊ စောက်သုံးမကျတယ့်ကောင်၊ မင်းခန္တာကိုယ်ကို င့ါပေးစမ်း ဖအေတူသား ခွေးမျိုးလေး"သူပြောလျှင်လည်းပြောချင်စရာဖြစ်သည်။ အဖေကချမ်းသာသလောက် မိန်းမကိစ္စ အလောင်းစားကိစ္စပွေရှုပ်လွန်းသူဖြစ်သည်။ ထို့ကြောင့် အမေဖြစ်သူမှာလည်း မတော်တဆသူနှင့် ကလေးရှိသွားခဲ့သည့် အပျော်မယ်တစ်ယောက်ထပ်မပိုပေ။ သို့သော် သူ့ကျေးဇူးကြောင့် တရားဝင်မိသားစု တစ်ခုဖြစ်ခွင့်မရခဲ့သော်ငြား ယခုလိုမျိုး District A တွင် နေထိုင််ခွင့်ရခဲ့သည်။နေ့ဖက် လည်းအိမ်ပြန်မလာ ၊ ပြန်ရောက်လာလျှင်လည်း အရက်နံ့နှင့်အံဖတ်နံ့သာ ထွက်နေသည့်အမေဖြစ်သူကိုစိတ်မဆိုးပါ။ အဖေ ခေါ်ခွင့်မရသည့် အဖေဖြစ်သူကိုလည်း အပစ်မတင်မိပေ။ ယခုအချိန်ထိ ကံမကောင်းခဲ့သည့်မိမိကိုယ်ကိုကိုယ်သာအပစ်တင်ရင်း နေ့နေ့ညညကုန်ဆုံးခဲ့ရသည်။ ကျွန်တော့အနေနှင့် လူမသိသူမသိ ထောင့်တစ်နေရာရာလေးတွင် သေဆုံးခွင့်ရဖို့ကိုသာလိုလားမိ၏။"စောက်ကြောက်က သေဖို့ပဲတွေးနေပြန်ပြီ။ သေမယ့်အစား မင်းခန္တာကိုယ်ကို ငါ့လက်ထဲအပ်လိုက်။ ငါတို့ကို ဒါမျိုးဖြစ်အောင်လုပ်တယ့် လောကကြီးကို ဖျက်စီးပစ်မယ်။ မင်းနဲ့ငါသာ ဆိုရင်လုပ်နိုင်တယ်"ကျွန်တော့ရင်ထဲတွင် ဟာကွက်များပေါ်ပေါက်လာသည်ကိုမြင်သည်နှင့် ကျွန်တော့စိတ်ကို မက်လုံးပေးကာ အတင်းတိုက်ခိုက်တော့သည်။ နဂိုကတည်းက အိပ်ရေးမဝသည့် အထဲ မူးနောက်နေသည့် လူက အထိန်းအကွပ်မဲ့ကာ "မင်းပါးကိုပိတ်ထားစမ်း" ဟု ထအော်မိသွားသည်။ဘေးလူများ၏ နားမလည်ဟန်အကြည့်များက မျက်လုံးထဲစူးရှလွန်း၏။ သူတို့အမြင်တွင်တော့ ကျွန်တော်ဟာ စိတ္တဇတစ်ယောက်သာဖြစ်နေမည်ဖြစ်သည်။ ရှက်စိတ်ကြောင့် ခေါင်းကိုသာ မဖော်စတမ်း ငုံ့ရင်း သူတို့ကြားထဲမှဝေးရာသို့ပြေးထွက်လာခဲ့တော့သည်။"အဟားဟား စောက်ကြောက်၊ မင်းမို့လို့ပြေးထွက်လာတာ ငါသာဆိုရင် အဲ့နားမှာတင်အဲ့မျက်လုံးတွေကိုထိုးဖောက်ပစ်ပြီးပြီ၊ မင်းလို မောင်ရေခဲလေးလူအေးလေးတွေ အကုန်အသေစောတာပဲ"မကြားချင်ယောင်ဆောင်နေမိသော်ငြားသူ့စကားသံများမှ အာရုံလွှဲမရပေ။ မျက်လုံးကိုတင်းနေအောင်မှိတ်ထားရင်းသာ ခေါင်းကိုရမ်းခါနေမိတော့သည်။အကင်ဆိုင်ထဲမှမွှေးကြိုင်နေသည့် အသားကင်ရနံ့များ၊ ခါးသက်သက် လက်ဖျော်ကော်ဖီနံ့လေးများကြား ကိုယ်စီရယ်မောနေကြသည့် လူတစ်စခုက ကျွန်တော့အတွက် အာရုံနောက်လှသည်။မည်မျှပင်တမ်းတမိသောငြား သူတို့ကဲ့သို့သော ဘဝမျိုးသည် ကျွန်တော့အတွက်တော့ အလှမ်းဝေးလှသည်။ နားလည်နေသည့် နှလုံးသားက လူကိုပို၍ အရှုံးသမားနဲ့တူစေသည်။"အားကျလား၊ တစ်ဆိုင်လုံးကို ဝင်ပူးလိုက်မယ်လေ၊ ပြီးရင် အချင်းချင်း သတ်ခိုင်းမယ်၊ wow မိုက်တယ်ဟ wtf "ခေါင်းထဲမှ အသံကားအခြားမဟုတ် အဖေဖြစ်သူဆီမှ ရရှိလာသည့် S.E.M virus ဗီဇပြောင်းလဲခြင်း ဖြစ်သည်။ မျိုးရိုးလိုက်ကာ သားသမီးထံ ကူးစက်သည့်ဖြစ်စဥ်များမှာမထူးခြားလှပေ။ ကျွန်တော့ ဗီဇပြောင်းလဲခြင်းကား Personality Development ( 人格発生 ) ဟုခေါ်ကာ cyborg များ၏ bio chip ကိုတိုက်ရိုက် ဝင်ရောက် ပူးကပ်နိုင်သည့် telepathic virus မျိုး ဖြစ်သည်။Cybernetic လောကကြီးတွက် အစွမ်းထက်လွန်းသော ဤစွမ်းအင်ကား split personality ဟူသည့် side effect နှင့်အတူမွေးဖွားလားခဲ့ခြင်းဖြစ်သည်။ သို့သော် ဖာသိဖာသာနေသည့် မိဘများကတော့ သိပုံမပေါ်။ငယ်စဥ်က ဘာလက္ခဏာမှမပြခဲ့သလောက် လွန်ခဲ့သည့် လအနည်းကမှ တဖြည်းဖြည်းချင်း သိသာလာခဲ့ခြင်းဖြစ်ကာ ယခုဆိုလျှင် ကောင်းစွာပင်အနားယူမရတော့ပေ။ ထိုစဥ် ထအော်လိုက်သည့် ခေါင်းထဲမှအသံကြောင့် နားများပင်ကျဥ်တက်သွားရသည်။"ဟဟ ဟိုခွေးမကြီးကိုကြည့်စမ်း ကလေးကိုလူကြားထဲရိုက်နေတာ"ကျွန်တော်ကတော့ "ငါနဲ့လည်းဘာမှမဆိုင်သလို မင်းနဲ့လည်းမဆိုင်ဘူး"ဟုပြောကာ လမ်းလွှဲလျှောက်ရန်ပြင်လိုက်သည်။ သို့သော် ချွေးစေးများပျံသွားရသည်ကားအခြားမဟုတ် ၊ တလှမ်းပင် ကြွ၍မရသောခြေထောက်များကြောင့်ဖြစ်သည်။ မျက်စိရှေ့တွင် ရေခဲမုန့်လေးကိုင်ရင်း ငိုနေသည့် ကလေးလေးမျက်နှာကသာ အထင်းသားဖြစ်သည်။သူ့ခမျာ မုန့်လေးစားရင်းပျော်ရွှင်နေခဲ့လေမလားဟူသောအတွေးက ခေါင်းထဲဒိန်းခနဲဒီိန်းခနဲဖြစ်လာ၏။ ပျော်ရွင်နေသည့်အချိန်တွင် ရရှိသည့်ဒဏ်ရာများသည် ပျော့ပြောင်းစ အင်္ဂတေသားတွင် ခြေရာစွဲထင်သလို သေရာပါသွားတတ်သည်ကို ကျွန်တော်အသိဆုံးပင်ဖြစ်သည်။"အနောက်ကနေ သွားပြီးဖြတ်ကန်လိုက်စမ်း သွားသွား""ဟင့်အင်း ငါဘယ်သူ့ကိုမှ မနာကျဥ်စေချင်ဘူး"မျက်စိကို အတင်းမှိတ်ကာ အံကြိတ်ထားမိသော်လည်း မလွန်ဆံနိုင်သောခြေလှမ်းများက ထိုအမျိုးသမီးရှိရာဖက်သို့ လှမ်းနေမိတော့သည်။"မုန်းလိုက်တာ မုန်းလိုက်တာ ကိုယ်ဖြင့်ကလေးကို အဖြစ်ရှိအောင် မသွန်သင်နိုင်ပဲ တခုခုဆိုကိုယ့်အပစ်ကို ကလေးဆီလွှဲချကြတယ်။ ""မုန်းတယ် မုန်းတယ် ရိုက်ပစ် ကန်ပစ်အဲ့ခွေးမကို""မင်းပြောတိုင်းငါမလုပ်နိုင်ဘူး"ဟု အသိစိတ်ကို ထိန်းကာ အကြောက်အကန်ရုန်းကန်နေရသည်မှာ အချည်းအနှီးပင်ဖြစ်သည်။ ရုတ်တရက် ကျောထဲစိမ့်ခနဖြစ်သွား၏။ တဖြန်းဖြန်းထသွားသည့် ကြက်သီးများကား မိမိနောက်ကျောတွင် လူမဆန်သည့်တစုံတရာက ရပ်နေသောကြောင့်ဖြစ်သည်။"မင်းအသက်ဆက်နေတယ်ဆိုတာ ငါကြောင့်ဆိုတာမမေ့နဲ့ အမှိုက်ကောင်"အကြင်တရားမဲ့လှသည့် လေသံဟာ အကြောများရိုးတွင်းချဥ်ဆီများထဲအထိ အေးစက်သွားစေသည်။ ခန္တာကိုယ်မှာ တုပ်တုပ်ပင်လှပ်၍ မရအောင်တောင့်ခဲသွား၏။ စဥ်စစ်မှာကလေးငယ်ကိုသနား၍ ထပ် ထိုအမျိုးသမီးကိုပယ်ပယ်နယ်နယ် နှိပ်စက်ချင်နေ၍ပင်ဖြစ်သည်။"ငါ့မျက်စိရှေ့မှာဒါမျိုးချိုးလို့မရဘူး။ ငါ့ရဲ့စကား၊ ငါ့ဆန္ဒကသာလျှင် လူတွေ လိုက်နာရမယ့်စည်းကမ်းပဲ။ မင်းရဲ့ အဆံချောင်နေတယ့် ဦးနှောက်လေးလည်းနားလည်မှာပါ။"ထိုစဥ်အမျိုးသမီးက"နင်ဘာကြည့်နေတာလည်း"ဟုကျွန်တော့ကိုလှမ်းအော်လိုက်ရင်း ကလေးလက်ကိုစောင့်ဆွဲကာချဥ်းကပ်လာ၏။ ကလေးမှာ မျက်လုံးလေးများနီရဲလျက် ကုပ်ကုပ်လေးဖြစ်နေ၏။ အရိပ်ထဲမှ သူ့စကားကိုနားမထောင်ချင်သော်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် "လူကြားထဲမို့ ဒီလောက်နဲ့ပဲတော်လိုက်ပါ" ပြောလိုက်မိသည်။အမျိုးသမီးက "နင့်အပူဘာပါလို့လည်း။ နင့်ကြည့်တော့ဖြင့် မိဘလုပ်စာထိုင်စားနေသေးတယ့်အရွယ်လေးနဲ့" ဟု ကျွန်တော့်ကိုပါ ငေါက်ရယ်ငမ်းရယ်ပြုလာ၏။ ဒီထပ် ပြသနာကြီးလာပါက central survilliance မှာ လက်ပိုက်၍ ကြည့်နေမည်မထင်ပါ။ ကျွန်တော့်ဖက်ကပဲ "ဝင်ပြောမိတာ တောင်းပန်ပါတယ်" ဟုခေါင်းရှောင်ဖို့ကြိုးစားလိုက်သည်။စိတ်တိုသွားသည့် အရိပ်ထဲကအသံက "ဟ ဘာတွေလည်း ၊ဘာကိုတောင်းပန်နေတာလည်း" ဟု တုန်တုန်ရီမေးမြန်းလာသည်။ ကျွန်တော်လည်း စိတ်ထဲက "ငါပင်ပန်းနေပြီကွာ" ဟုပြောရင်းထိုနေရာမှ ကျောခိုင်းကာ ချာခနဲလှည့်ထွက်ရန်ပြင်သည်။"ဟယ် ပင်ပန်းတယ်ဆိုရင် လူလဲမယ်လေ ငါရှင်းပေးမယ် ၊ အဲ့ခွေးမ မျက်နှာကြီးကို တက်နင်းပစ်ချင်နေပြီ။ အဟအဟအဟ "limit ရောက်နေသည့် အသိစိတ်က ထိန်း၍ မရတော့ပဲ "တော်တော့ကွာ ချီးပဲ" ဟုအော်လိုက်မိသည်တွင် ထို အမျိုးသမီးက ကျွန်တော့ကိုပါး လှမ်းရိုက်လိုက်တော့သည်။ "ဒီမှာ နင့်မိဘဘယ်သူလည်း ၊ ဖုန်းနံပါတ်ပေးစမ်း မပေးရင် ရဲတိုင်မယ်" ဟုလည်းပါးစပ်က မနားတမ်း အော်ဟစ်နေ၏။"ငါထွက်မယ် ငါထွက်မယ် ငါထွက်မယ် ၊ လွတ်စမ်း အမှိုက်ကောင် အခုလွှတ်"ရုတ်တရက် ခံစားလိုက်ရသည့်နာကျဥ်မှုကြောင့်ပါးပြင်မှာ ပူနွေးပြီး ထုံကျဥ်သွား၏။ ပတ်ဝန်းကျဥ်ကိုသာ သတိလတ်လွတ်ဖြစ်သွားလေသည်။ကျွန်တော့်ကိုကြည့်ကာ အလန့်တကြား ကလေးငယ်မှာပို၍ငိုချတော့သည်။အမျိုးသမီးက ကလေးလက်မောင်းကို ကျစ်ကျစ်ပါအောင်စုတ်ကိုင်ရင်း " တိတ်စမ်း" ဟုအော်ကာ သေးငယ်လှသည့်သူ့ပုခုံးလေးကို ထပ်ရိုက်ပြန်သည်။ မြင်နေရသည်မှာ မိခင်တစ်ယောက်နှင့်မတူပဲ ကိုယ်ယားတိုင်း သားသမီးယူထားသည့် မဒန်းမတစ်ယောက် နှင့်ပိုတူလှသည်။"နောက်ပြီးနင်ကရောဘယ်မှာလည်း နင့်မိဘဖုန်း၊ ပေးလို့ပြောနေတယ် ၊ ငါမွေးထားတယ့် သားသမီး ငါရိုက်ချင်ရိုက်မယ် သေသေရှင်ရှင် နင့်အပူမပါဘူး"တဖက်က အမျိုးသမီးကား အော်ဟစ်ဆံငြံနေသလို အရိပ်ထဲမှအသံဟာလည်း လွှတ်ပေးရန်တရစပ် အမိန့်ပေးနေတော့သည်။ သို့သော်ကျွန်တော့အတွက် ဤနာကျဥ်မှုမျိုး မခံစားရသည်မှာကြာပြီဖြစ်သည်။ ဟုတ်ပါသည်။ ထိုနေ့မှစတင်၍ ဘဝမှာ မပြည့်စုံတော့သော်ငြား နောင်တဟူ၍ တစိုးတစိမျှ မရှိခဲ့ပေ။ထူပူနေသည့်မိမိပါးကို မိမိကိုင်ရင်း အတွေးများက အခြားတစ်နေရာသို့လွင့်မြောသွားတော့သည် ။တပြိုင်ထဲ "ဟီဟီ" ဟူသောရီသံ ၂ ခွန်းနှင့်အတူ အမျိုးသမီး၏ ငယ်သံပါအောင်အော်ဟစ်သံဟာ လူအုပ်ကြိးကိုဖြိုခွင်းထွက်သွားတော့သည်။"ရန်ဖြစ်တာဟေ့၊ ပြေးကြပြေးကြ "ဟူသောအော်သဟစ်သံများ ၊ "central Survillance လာတော့မယ် မြန်မြန်ရှောင်ကြ" ဟူသော် သွေးပျက်သံများနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တော့၏။ကျွန်တော့လက်ချောင်းက အမျိုးသမီး၏လည်ပင်းကို ဖောက်ထွက်မတတ်ညှစ်ထားရင်း ပါးစပ်မှ "ခွေးမ၊ နင်ငါ့အသားကိုထိစရာဘာစောက်ကြောင်းမှမရှိဘူး" ဟုပြောမိနေသည်။ S.E.M virus ဟာ အသိစိတ်ကို လုံးဝလွှမ်းမိုးခံသွားပြီဖြစ်သည်။အမျိုးသမီးဟာ အကြောက်အကန်အော်ဟစ်ရင်း ကျွန်တော့ လည်ပင်းကိုပြန်ညှစ်ဖို့ကြိုးစားသည် သို့သော် အချည်းအနှီးပင်။ အသက်ကိုလုကာ ရုန်းကန်နေခဲ့ရသော်လည်း နောက်ဆုံးတွင်သူမ၏ မျက်လုံးများ မှောင်မိုက်၍သွားတော့သည်။ Central နှင့် လူငယ်တစ်ယောက်ကြားမှ ရန်ပွဲကြီးဟာ စစ်ပွဲတခုအလား ဖရိုဖရဲဖြစ်ကုန်ရင်း အချိန်ဟာမနက် ၅နာရီသို့ချဥ်းကပ်လာခဲ့၏။ရုတ်တရက်မိုးများရွာကျလာကာ တိတ်ဆိတ်နေသည့် လမ်းမပေါ်တွင် ဒေါက်ဖိနပ်သံများကပဲ့တင်ထပ်လာသည်။ မီးလောင်ထားသည့်အဆောက်အဦများကြားတွင် cyborg အပျက်စီးများက အပုံလိုက်ဖြစ်၏။ ထိုအပေါ်တွင် မေးထောက်လျှက်ထိုင်နေသူကား ကြောက်စရာအပြုံးနှင့် ၁၄နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်သည်။ကောင်ကလေးက " အိုးဟိုး နောက်ဆုံးတော့ အကောင်ကြီးကြီးအမြီးရှည်ရှည်များအလှည့်ဆိုပါတော့" ဟု ခနဲ့သလိုလိုလှမ်းပြောသည်။ အမျိုးသမီးက အေးဆေးသောလေသံဖြင့် " ကြည့်ရတာ Mr. Armia ကတော့ မထင်မိထားတယ့် မျိုးဆက်တစ်ခုကိုမွေးထုတ်ပေးခဲ့တာပဲ၊ မင်းကျေးဇူးကြောင့် သူတော့လျော်ကြေးတွေမနည်းဘူးပေးရလိမ့်မယ်" ဟုပြန်ဖြေသည်။ တဖက်က "အဟားဟားဟား"ဟု ရယ်မောကာဆက်၍ပြောသည်။"အဲ့ဘဲကို ဒုက္ခလှလှပေးချင်နေတာကြာပြီ၊ ငါ့ခန္တာကိုယ်ထဲ သူ့သွေးတွေတောင်ဖောက်ထုတ်ပစ်ချင်နေတာ"အမျိုးသမီးက ပြုံးကာ " မင်းက မင်းအဖေကို လက်စားချေဖို့ ဆိုပါတော့၊ ဒါဆိုရင်တော့ဒီထပ်အများကြီးလိုအပ်လိမ့်မယ်" ဟုဖြေသည်။ စကားပင်မဆုံးလိုက် အရုပ်ကြိုးပြတ် ပြတ်နေသည့် cyborg ပုံကြီးဟာ ငေါက်ခနဲကောက်ထိုင်လာပြီးအမျိုးသမီးရှိရာသို့တဟုန်ထိုးပြေးလာကြတော့သည်။သို့သော် ကောင်ပေါ်မှ ဆူညံကာပြိုဆင်းလာသည့် မိုးကြိုးများကြားတွင် မိုးရေများဟာလည်းလမ်းထဲပြည့်ရှံသွားတော့သည်။Cyborg အပျက်အစီးများလည်း ဝါယာရှော့ဖြစ်ကာ လှပသော မီးပန်းများနှင့်အတူ အရုပ်ကြိုးပြတ် ပြတ်ကျသွားကြလေ၏။အဆက်မပြတ်မြည်ဟီးသွားသည့် မိုးချိန်းသံများကြားထဲတွင် အမျိုးသမီးဟာ ပျောက်ချင်းမလှပျောက်သွားသည်။လူငယ်လည်း နားမလည်နိုင်သောအမူအရာနှင့်ဘေးဘီဝဲရာကို လိုက်ကြည့်၏ ။ သို့သော်သူ့နောက်ကျောသို့ မထင်မှတ်ပဲရောက်ရှိနေသောအမျိုးသမီးလက်ထဲမှရေများသည် သူ့အသက်ရှူလမ်းကြောင်းထဲသို့တစ်ဆုံးဝင်ရောက်သွားတော့သည်။ဤအဖြစ်ပျက်ကား New era 198 / 06 / 17 တွင်ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်မရှိခဲ့သော်ငြား Cyborg 30 ကျော်အား workshop သို့အရေးပေါ်ပို့ဆောင်ခဲ့ရသလို Armia မိသားစုအတွက် လည်းလျော်ကြေးငွေမြောက်များစွာကျသင့်ခဲ့၏။ District A အတွက်တော့ နှစ်ပေါင်း ၆၀တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သော အမှုအခင်းကြီးသာဖြစ်တော့သည်။


Report by _Van





Year 198 / 12 / 31 _ Azure Realm

နေလည်ခင်းရဲ့အလင်းရောင်ဟာ ရွက်ကြိုရွက်ကြားများမှတဆင့်ဖြာကျနေသည်။ငှက်ကလေးများ၏ တေးဆိုသံများက အကြားအာရုံဆီသို့ ရံဖံရံခါ တိုးဝှေ့လျက်ရှိ၏။ပြာလဲ့နေသည့် ဆောင်းရာသီ ကောင်းကင်ကြီးအားမော့ကြည့်ရင်း Enzo တစ်ယောက်ချွေးသုတ်လိုက်သည်။Enzo : ဒီဖက်က ကောင်းကင်အစစ်ကိုမြင်ပြီးတိုင်း ဟိုဖက် ဂြိုလ်ကိုမပြန်ချင်ဘူးဖြစ်တယ်ဗျာ ။Inori : ညီမတော့ လိုင်းမမိတယ့်ကမ္ဘာကြီးမှာ အသက်မရှင်ချင်ဘူး။ ပြန်တော့မယ် ။Enzo : ညကျ Ei san တို့ပါလာမှာလေ။ Roza san ရဲ့ ဆုတောင်းပွဲကို ပထမဆုံးမြင်ရမှာ။ ဖုန်းခဏချပြီး လာကူဗျာ ။Inori : ဟင်။ ညီမက hacker လေ။ လက်တိုလက်တောင်းမဟုတ်ဘူးရယ်။ မုန့်စားရမယ်ဆိုလို့ ထွက်လာရတာကို။Enzo : ကျေးဇူးပါ။အမြဲတမ်း အခန်းတွင်းအောင်းနေတတ်သည့် Inori နှင့် အလုပ်ကိစ္စဖြင့်နယ်ပဲထွက်နေရသည့် Enzo။သူတို့ နှစ်ယောက်သား နှစ်သစ်ကူးတွင် ဆုတောင်းပွဲအတွက် ရောက်ရှိနေကြခြင်းဖြစ်၏။ သို့သော် မျက်နှာချင်းဆိုင်လိုက်သည်နှင့်ပြဿနာတက်လေ့ရှိသည်။တစ်ယောက်မှာ အလုပ်များကြား ဇယ်ဆက်သလို မအားလပ်သလောက် တစ်ဖက်က Inoriမှာ ဂိမ်းအကြောင်း anime အကြောင်းမှလွဲလျှင် ခေါင်းထဲဟာလာဟင်းလင်းဖြစ်နေတတ်သည်။အမှန်တစ်ကယ်ဆိုလျှင် ကျွန်တော့်ကို ကူပေးရန်မှာ Shiagmi ၏အလုပ်ဖြစ်၏။ သို့သော် ကူပေးမည့်လူက ညစာဝယ်ခြမ်းရန်ဟုဆိုကာ အပြင်သို့ရောက်နေလေ၏။Enzo : ဟူး။ ကျွန်တော်လက်တွေအရမ်းညောင်းလာပြီ Roza san ရေ။Inori : ရောက်လာကတည်းကကြည့်နေတာ။ အဲ့တာတွေက ဘာတွေလဲဟင်။ကျွန်တော် : ကမ္ဘာဟောင်းတစ်ခုရဲ့ ဓလေ့ဟောင်းတစ်ခု ။Inori: မဟုတ်ဘူးလေ။ ပဟေဠိတွေနဲ့ပြန်မဖြေရဘူးလေ ဆရာသမား။ကျွန်တော် ဘာတစ်ခွန်းမှပြန်မပြောပေ။ လက်ထဲရှိ သစ်သားပြားလေးကို စိုက်ကြည့်တာ အသာအယာပြုံးလိုက်သည်။ကျွန်တော် : "ema" လို့ခေါ်တယ်။ လိုချင်တဲ့ ဆုတောင်းလေးတွေကိုရေးပြီး နတ်ကွန်းတွေမှာချိတ်ဆွဲကြတာမျိုး။ နတ်ဘုရားတွေက စာလေးတွေကိုဖတ်ပြီး ဖြည့်ဆည်းပေးတတ်တယ်တဲ့ဗျ။Inori : အိမ်မှာ stage show ထောင်ရုံနဲ့တင်မဝလို့ နတ်ကွန်းပါဆောက်တော့မယ်ပဲ။Enzo : သိချင်တာက ဘယ်ကနေ ဒီလောက်အများကြီး သွားကောက်လာတာလဲဗျာ။ကျွန်တော် : ဟောဗျာ စော်ကားလိုက်တာ။ ကျွန်တော့်ဆီ mail box ကနေပို့ပေးထားကြတာ။inori : သူ့ဒါမျိုးတွေ ယုံကြည်တတ်မှန်းမသိခဲ့ဘူး။ သေချာပြီ နတ်ကွန်းတည်မလို့နေမယ်။ကျွန်တော် : တစ်ခုမေးမယ်။ ဆိုပါဆို့တစ်နေ့ကျ ကြိုးစားထားသမျှတွေက အကောင်ထည်ပေါ်လာခဲ့ရင် Inoriက နတ်ဘုရားတွေကိုကျေးဇူးတင်မှာလား။Inori : မသိပု။ ပြောရရင် သိပ္ပံပညာဒီလောက် ထွန်းကားနေတယ့် ဟိုဖက်ဂြိုလ်ပေါ်မှာဆို ဖန်ဆင်းရှင်တွေမှအများကြီး။ အကောင်ကြီးကြီးအမြီးရှည်ရှည်တွေလေ။Enzo : Roza san ကကော ။ကျွန်တော် ဘာတစ်ခွန်းမှပြန်မဖြေပဲ လက်ထဲရှိ ema လေးအား ကြိုးတန်းပေါ်တွင်ချိတ်ဆွဲလိုက်သည် ။ ထို့နောက် ကဒ်ပြားလေးတစ်ခုအား Enzo လက်ထဲသို့ ပစ်ပေးလိုက်၏။Enzo က "ကျွန်တော်ဖတ် လို့ဖြစ်ရဲ့လား" ဟု မေးရင်း မျက်စိကလယ်ကလယ်နှင့်လှမ်းကြည့်သည်။ကျွန်တော်သူ့ကိုပြုံးပြလိုက်၏။Enzo : "နှစ်သစ်မှာဒီထပ်မကအောင်မြင်ပြီး ၊ အလုပ်တွေကြိုးစားပြီးလုပ်နိုင်ပါစေ Roza san" တဲ့Enzo တစ်ယောက်အူကြောင်ကြောင်ဖြစ်သွားသည်။Enzo : ဘယ်လို..ကျွန်တော်မေးတာနဲ့ ဘာမှလည်းမဆိုင်ပုခုံးတွန့်ပြလိုက်ရင်း နောက်တစ်ကဒ်ထပ်ပစ်ပေးလိုက်သည်။Enzo : "I wish my loved ones be happy with their loved ones"တဲ့။ ဒါကအင်္ဂလိပ်လိုဗျ။ သူဆုတောင်းထားတာ နားလည်ပေမယ့် Roza sanပြောချင်တာကိုမမြင်ဘူး။ကျွန်တော် : လူတွေက ကိုယ့်အတွက်ကိုဘေးထားပြီး ချစ်ရသူတွေအတွက် အရင်ဆုတောင်းတတ်ကြတာမျိုး။ ပြီးတော့ ဒီစကားတွေက ဘယ်နတ်ဘုရားဆီကိုမှ ရည်ရွယ်ထားတာမဟုတ်ပဲ သူတို့မေတ္တာထားတဲ့လူပေါ် တိုက်ရိုက်ပေးပို့ထားတဲ့ ဆုတောင်းလေးတွေလို့ခေါ်တယ်။Enzo တစ်ယောက် ema ပြားလေးအားကြိုးတပ်ရင်းတွေးတောနေတော့သည်။Inori : မေးနေတဲ့ဆီက ချော်နေသလိုပဲဆရာသမား။ကျွန်တော် : ကျွန်တော်လား ၊ ကျွန်တော်ကိုမေးရင်တော့ မမြင်ရတဲ့ နတ်ဘုရားတွေထက် သူတို့ရင်ထဲက စေတနာကိုယုံမယ်။ ဒီထက်ပိုသေချာတယ့်အရာမရှိဘူး။ ကျွန်တော့်ဆုတောင်းလေးတွေပြည့်ခဲ့ရင် သူတို့ကို ကျေးဇူးအရင်တင်ရမယ်။ ပြီးရင် တော့ ကိုယ့်ကိုကိုယ်ကျေးဇူးတင်မိမယ်။inori : narcisistဆိုတာ ဒါမျိုးနေမယ်။ကျွန်တော် : ကိုယ့်ကိုကိုယ်ကျေးဇူးတင်တယ်ဆိုတာက၊ခေါင်းမာမာနဲ့ ကြိုးစားပေးခဲ့လို့ပါဗျာ။ narcissim လည်းဟုတ်ရင်ဟုတ်မပေါ့။Inori တစ်ယောက် လက်ထဲက ဖုန်းကိုအိတ်ထဲထိုးလိုက်ရင်း ema ပြားလေးများအား ဝိုင်းချိတ်ပေးဖို့ဆုံးဖြတ်လိုက်သည် ။Inori : တစ်ခုချင်းလိုက်ဖတ်ကြည့်ဦးမယ်။Enzo : ဟ။ အဲ့တာ privacy ချိုးဖောက်တယ်လို့ခေါ်တယ်နော်။Inori : ဘာလဲ။ Enzo san ပါထည့်ရေးထားလို့လား။ ညီမရှာဖတ်မှာ။ကျွန်တော် : Van ရေးထားတာတော့ မြင်လိုက်မိတယ်။Inori : ဟင် ညီမလည်းရေးမယ်။ တစ်ယောက်ထဲကွက်ကျန်လို့မဖြစ်ဘူးလေ။ကောင်မလေးတစ်ယောက် ema ပြားအသစ်တစ်ခုအားဆွဲယူလိုက်ပြီး ကုတ်ကုတ် ကုတ်ကုတ်ရေးနေ၏။နေ့လည်ခင်းက တေးသံလေးကြားထဲ ငြိမ့်ညောင်းနေ၏။နေအလင်းရောင်ဟာ ရွက်ကြိုရွက်ကြားများမှတဆင့်ဖြာကျနေသည်။ငှက်ကလေးများ၏ တေးဆိုသံများက ရံဖံရံခါ တိုးဝှေ့လျှက်ရှိ၏။ကျွန်တော်လည်း ကောင်းကင်ပြာကြီးကိုမော့ကြည့်ရင်း တွေးမိသည်။နှစ်တစ်နှစ်ကုန်ဆုံးသွားခဲ့လေပြီ။ သို့သော်ကျွန်တော့်ဆန္ဒကတော့ တစ်ခုတည်းပါ။" အချိန်ရေစီးကြောင်းကရက်စက်လွန်းတယ်။ တစ်နေ့မှာ ကျွန်တော်ဟာမှေးမိန် ပျောက်ကွယ်သွားလိမ့်မယ်။ မေ့ပျောက်ခံသွားရလိမ့်မယ်။ ဒါပေမယ့် ဒီသီချင်းလေးကတော့ အားလုံးအတွက် မုန်တိုင်းထဲက မီးပြတိုက်လေးဖြစ်ပါစေ။ "" Que Sera Sera "